Saturday, November 12, 2016

18Srilanka

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သီဟိုဠ်ကျွမ်းသို့ (3)ကြိမ်တိတိကြွရောက်တော်မူခဲ့ပြီး၊ မဟိယင်္ဂဏစေတီတော်သည် မြတ်စွာဘုရားရှင် ပထမဆုံးအကြိမ်ကြွတော်မူစဉ်က တရားဟောခဲ့ သည့်နေရာတွင် မြတ်စွာဘုရားရှင်ထိုင်လျက် တရားဟောပလ္လင်တော်နှင့်၊ ဆံတော်များကိုဌာပနာထား သည့်စေတီ ဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးအချိန်တွင် ရဟန္တာမထေရ်တစ်ပါးမှ မြတ်စွာဘုရားရှင်၏နံရိုးတော်တစ် ဆူကိုပင့်ဆောင်လာပြီး စေတီတော်အတွင်းသို့ တန်ခိုးတော်ဖြင့်ဌာပနာထားသည့် စေတီတော်လည်း ဖြစ်ပါသည်၊၊ 

မဟိယင်္ဂဏစေတီတော်ကြီးကို ပတ်လှူပူဇော်ရန်သင်္ကန်းကြီးကို လူအများအပြားတန်းစီကိုင်ပြီး၊ သီရိ- လင်္ကာရိုးရာအတီးအမှုတ် အကအခုန်များဖြင့်လှည့်လည်လာသည့်မြင်ကွင်းကိုလည်း လေ့လာကြည့်ရှု ခွင့်ရခဲ့ကြပါသည်၊

17Srilanka

“စိဂီရိယနန်းတော်ဟောင်း (AD-5)ရာစု”



စိဂီရီယနန်းတော်ဟောင်းကြီးသည် မီတာ(200)ခန့်မြင့်မတ်သည့် ကျောက်တောင်ထိပ်တွင် တောင်လုံးပြည့် တည်ဆောက်ထားပါသည်၊၊ 

နန်းတော်ကို တည်ဆောက်ခဲ့သူများတော့မည်သို့မည်ပုံ တည်ဆောက်ပြီးစီးခဲ့ကြသည်မသိ လေ့လာရေးတက်သည့်သူများကတော့ အသက်အန္တရာယ်ကိုအံတု ပြီးတက်ရောက် လေ့လာကြရပါသည်၊၊ (660)ပေ မြင့်ပါသည်၊၊

ဝါးတစ်လုံးကိုထောင်ထားသည့်အလား မြင့်မတ်နေသည့်ကျောက်သီးသန့်တောင်ကြီးပေါ်တွင် စိဂီရိ- ယနန်းတော်ကြီးကို တည်ဆောက်ထားခြင်းဖြစ်ပါသည်၊၊ အာဝုကနရပ်တော်မူဆင်းတုတော်ကြီးကို တည်ဆောက်ခဲ့သည့် ဓာတုသေနမင်းကြီး၏သားတော်အကြီး “ကဿပဘုရင်”မှ တည်ဆောက်ခဲ့ သည့်နန်းတော်ကြီး ဖြစ်ပါသည်၊၊

သည်မျှမြင့်မတ်သည့်ကျောက်တောင်ကြီးပေါ်တွင် ရေကန်ကြီးတစ်ကန်ကိုလည်း တူးဖော်ထားသည်ကို တွေ့ရပါသည်၊၊ ကျောက်တောင်ကြီး၏နံရံတွင် သံတိုင်ငယ်လေးများကို စိုက်ထည့်ထားပြီး၊ အသဲတ- ယားရင်တုန်တုန်ဖြင့် တက်ရောက်ရသည့်နန်းတော်ဟောင်းကြီး ဖြစ်ပါသည်၊၊

ကျောက်တောင်ကြီး၏ သုံးချိုးတစ်ချိုးခန့်တွင် တောင်အတွင်းသို့တူးပြီး ပန်းချီပြခန်းပြုလုပ်ထားသည့် ကျောက်လှိုဏ်ခေါင်းပြခန်း ရှိပါသည်၊၊ 
“စိဂီရိလှပျိုဖြူ”လေးများဟု ခေါ်တွင်သည့် နန်းတွင်းသူအပျို တော်လေးများပန်းများကိုကိုင်ပြီး ပြုံးပျော်နေသည့်ပန်းချီလက်ရာများမှာ ယနေ့တိုင်ဆေးသားပကတိ အတိုင်းတွေ့ရပါသည်၊၊

အနည်းငယ်လေးမျှ သတိလွတ်မိသည်နှင့် လိမ့်ကျပြီးအရိုးတခြား အသားတခြားဖြစ်သွားနိုင်သည့် ကျောက်တောင်နန်းတော်ဟောင်းကြီးကို (65)အဘိုးအဘွားတစ်စုံတို့ တက်မှတက်နိုင်ပါ့မလား၊ ခြေ ခြော်လက်ခြော်ပြီး တစ်စုံတစ်ရာများဖြစ်ကြလေမလားဟု ပူပန်စိတ်မောရသည်မှာလည်း အလွန် အကျွန်ဖြစ်ပါသည်၊၊

သို့သော် စိတ်အားထက်သန်လွန်းသောကြောင့်လေလားမသိ၊ လုံးဝပင်ပမ်းသည့်အမူအရာကို အဘိုး အဖွားနှစ်ယောက်စလုံးထံမှမတွေ့ရသဖြင့် အံ့သြဘနန်းဖြစ်ရပါသည်၊၊

 စိဂီရိယနန်းတော်ကြီးသည် ယ္ခု ခရီးစဉ်တွင် နောက်ဆုံးနေ့တက်ရန်ရည်ရွယ်ထားသည့် “စေတီပါဒတောင်”သို့တက်ရန် အဆုံးအဖြတ် ပေးမည့်နေရာဖြစ်ကြောင်းကို “ဒေါ်ခင်ခင်မေ”တို့အား ပြောပြမထားချေ၊၊
ယ္ခုမူ အစမ်းစာမေးပွဲအောင်မြင်သွားသည့် ကျောင်းသားကလေးငယ်နှစ်ဦး ဖြစ်ချေပြီ၊ စေတီပါဒသို့ ပို့ရန်မှတစ်ပါး အခြားမရှိတော့ပါပေ၊၊ 

စိဂီရိယနန်းတော်ဟောင်းတည်ရှိသည့် ကျောက်တောင်ပေါ်တွင် ပြင်သစ်လူမျိုး ခရီးသွားလေ့လာသူများ ပြည့်နှက်နေသည်ကို တွေ့ရပါသည်၊၊ အခြားခရီးသည်များလည်း ပြည့်နေပါသည်၊၊

တောင်ပေါ်သို့ တက်ရောက်စဉ်နှင့် ပြန်လည်ဆင်းသက်စဉ်အချိန်များတွင် ဘေးသို့ငုံ့မကြည့်ရန် အ နောက်မှနေပြီး ကလေးငယ်များကိုဆူပူသကဲ့သို့ အော်ဟစ်နေခဲ့ရပါသည်၊၊ စိဂီရိယနန်းတော်ကြီးကို ကဿပဘုရင်သည် ညီတော်၏ရန်ကိုကြောက်လန့်သဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်၊၊ 

သို့သော် ကဿပရှင်ဘုရင်ကြောက်လန့်၍ လူအလွယ်တူမတက်နိုင်သည့် ကျောက်တောင်ပေါ်တွင် နန်းတော်ဆောက်ပြီးနေသည့်တိုင် ညီတော်မင်းသားမှတိုက်ခိုက်ခံရပြီး ကဿပရှင်ဘုရင် ကျရှုံးခဲ့ရပါသည်၊၊ 

သမိုင်းဇာတ်လမ်းအစုံကို အရှင်၏- (www.ko-thitsar.blogspot.com)တွင် လေ့လာနိုင်ပါသည်၊

16Srilanka

ပရက္ကမဗာဟုမင်းကြီးသည် စိုက်ပျိုးရေးကိုအဓိကထားပြီး နိုင်ငံတော်ကြီး တိုးတက်အောင်ကြိုးပမ်းခဲ့ သည့်မင်းတစ်ပါးဖြစ်ကြောင်း “မဟာဆည်”ကြီးကို လေ့လာသောအားဖြင့် သိနိုင်ပါသည်၊၊ မင်းကြီး သည် ရေရှားပါးသည့်ကုန်းတွင်းဒေသဖြစ်သော ပေါလွန္နရုဝတွင် မဟာဆည်ကန်တော်ကြီးတစ်ခုကို တည်ဆောက်ပြီး၊ လယ်ယာ(60000)ကျော်ကို ရေလုံလုံလောက်ဖြန့်ဝေနိုင်ခဲ့ပါသည်၊၊

“ပရက္ကမဗာဟုမင်းကြီး”ကို မြန်မာနိုင်ငံ၊ ပုဂံခေတ်မှ “အနော်ရထာမင်းမြတ်”နှင့်တင်စားပြီး မြန်မာသမိုင်း ပညာရှင်တို့ ပြောဆိုလေ့ရှိကြပါသည်၊၊ ယနေ့တိုင် မင်းကြီးတူးဖော်ခဲ့သည့် “ဆယ်ကြီး”သည် ရေတည် ရှိပြီး၊ ဒေသတ၀ိုက်နှင့် အဝေးမြို့နယ်၊ ကျေးရွာများသို့အထိ ရေဖြန့်ဝေနေသည်ကို တွေ့ရပါသည်၊၊

ပေါလွန္နရုဝမြို့တော်ဟောင်းတွင် နန်းတော်ဟောင်းကြီးများ၊ နတ်ဘုရားကျောင်းကြီးများ၊ နတ်ရုပ်တုကြီး များ၊ မြို့တော်တံတိုင်းကြီးများနှင့် ပုဂံမှ“သရပါတံခါး”ကဲ့သို့မြို့အ၀င် တံခါးဂိတ်ဟောင်းကြီးကို အ ကောင်းအတိုင်း လေ့လာရနိုင်ပါသည်၊၊ ပုဂံခေတ်နှင့် ခေတ်ပြိုင်ဖြစ်၍ နှိုင်းယှဉ်လေ့လာပြီး မည်သည့် နိုင်ငံကလက်မှုပညာနှင့် ဗိသုကာပညာ သာလွန်ကြောင်း၊ စီးပွားရေးအမြင်ပိုရှိကြောင်းကို သုံးသပ်နိုင် ပါသည်၊

15Srilanka

“ဂေါဝိဟာရ”
ကျောက်တောင်တန်းအရှည်ကြီးကို မြတ်စွာဘုရားရှင်၏ ထိုင်တော်မူဆင်းတုတော်၊ ရပ်တော် မူဆင်းတုတော်နှင့်၊ လျောင်းတော်မူဆင်းတုတော် ပုံစံအချိုးအစားသုံးမျိုးထွင်းထုထားသည်မှာ ထူးခြား အံ့သြဖွယ်ရာ ဖြစ်ပါသည်၊၊

ရပ်တော်မူဆင်းတုတော်ကြီးသည် လက်ပိုက်လျက်ရှေ့သို့တည့်တည့်ကြည့်နေဟန်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ နိုင်ငံအများအပြားတွင် မည်သည့်နိုင်ငံတွင်မှမရှိသည့် ဆင်းတုတော်ပုံဟန်ဖြစ်ပါသည်၊၊ 

ဆင်းတုတော်အမျိုးမျိုးကို မုဒြာသတ်မှတ်ရာတွင်လည်း လက်ပိုက်ပုံဟန်ဖြစ်သဖြင့် မည်သို့မည်ပုံမုဒြာအမည်မှည့် ရမည်ကို ဗုဒ္ဓစာပေပညာရှင်တို့ခေါင်းကုပ်ပြီး ဦးနှောက်ခြောက်ရသည့် ဆင်းတုတော်ကြီးဖြစ်ပါသည်၊၊

မည်သည့်ပါဠိစာပေနှင့် စေတီဆင်းတုတော်သမိုင်းကျမ်းတွင်မှ ဆင်းတုတော်ကြီး၏ မုဒြာအမည်ကို ဖော်ပြမထားသော်လည်း သီရိလင်္ကာလူမျိုးတို့သည် ဆင်းတုတော်ကြီးကို “မဟာကရုဏာ-ဒုက္ခ သုခမု ဒြာ”ဟုနာမည်ဆန်းဆန်းပေးထားကြသည်ကို လေ့လာရပါသည်၊၊

သုံးဆယ့်တစ်ဘုံတွင် ကျင်လည်နေရသည့်သတ္တ၀ါ ဝေနေယျတို့၏တသက်တာ ဘ၀ဒုက္ခသုခများကို ကြည့်ပြီး မြတ်စွာဘုရားရှင်မှ ကရုဏာသက်နေသည့်ဟန်ကို လက်ပိုက်ကြည့်နေပုံဖြင့် သရုပ်ဖော်ထွင်း ထုထားသည်ဟု သီရိလင်္ကာအဘိုးအိုတစ်ယောက်မှ ဆင်းတုတော်ကြီးနံဘေးတွင် ရှင်းပြသောကြော

Srilanka14

(AD-11,12)ရာစုတွင် “ပရက္ကမဗာဟုမင်း”တည်ထောင်သည့် မြို့တော်ဟောင်းဖြစ်ပါသည်၊၊ ပရက္ကမဗာဟုမင်းကြီး၏ ကျောက် သားရုပ်တုကို ယနေ့တိုင်လေ့လာတွေ့ရှိနိုင်ပါသည်၊၊

ပေါလွန္နရုဝမြို့တော်ဟောင်းတွင် လေ့လာရန်နေရာအတော်များများ ရှိပါသည်၊၊ မြန်မာနိုင်ငံ ပုဂံခေတ် နှင့်ခေတ်ပြိုင်မြို့တော် ဖြစ်ပါသည်၊၊ 

(1) ရှေးဟောင်းပြတိုက် 
(2) ပရက္ကမဗာဟုမင်း ရုပ်တု
(3) စည်းဝေးခန်းမဆောင်
(4) သျီဝဘုရားကျောင်း
(5) စွယ်တော်တိုက်ဟောင်း
(6) ဂန္ဓကုဋီတိုက်
(7) ဂေါဝိဟာရ

ရှေးဟောင်းပြတိုက်ကြီးထဲတွင် ပေါလွန္နရုဝခေတ်မှ ပစ္စည်းအသုံးအဆောင်များနှင့် ရုပ်တုအမျိုးအမျိုး ရတနာပစ္စည်းအမျိုးမျိုး အကောင်းပကတိနီးပါးမျှ လေ့လာတွေ့ရှိနိုင်ပါသည်၊၊ မြန်မာနိုင်ငံ၊ ပုဂံခေတ်မှ အကြွင်းအကျန်များကို မြန်မာနိုင်ငံတွင် များများမတွေ့ရတော့သည်ကို စိတ်မကောင်းဖြစ်ရပါသည်၊၊

သီရိလင်္ကာနိုင်ငံမှ မြတ်စွာဘုရားရှင်၏စွယ်တော်အစစ်ကို “ပေါလွန္နရုဝခေတ်”က ထားရှိကိုးကွယ်သည့် စွယ်တော်တိုက်ဟောင်းကို လေ့လာရပါသည်၊

Srilanka13

“အာဝုကနရပ်တော်မူရုပ် ပွားတော်”ကြီးကို ၀င်ရောက်လေ့လာခဲ့ကြပါသည်၊၊ (ပေါလွန်နရုဝ-ဟုဖတ်ပါ)

ရုပ်ပွားတော်ကြီးကို အနုရာဒပူရခေတ်၊ (AD-5)ရာစုနှစ်တွင် “ဓာတုသေနမင်းကြီး” တည်ဆောက်ခဲ့ပါ သည်၊၊ ကျောက်တောင်ကြီးတစ်ခုလုံးကို ရပ်တော်မူဆင်းတုတော်ကြီးအဖြစ် ထွင်းထုထားခြင်းပြီး၊ အရပ်တော်(38)ပေနှင့်၊ ပခုံးအကျယ်ပေ(10)ဖြစ်ပါသည်၊၊ 

ဆင်းတုတော်ကြီး၏မျက်နှာတော် အလွန်သပ္ပါယ်လှပပြီး၊ သင်္ကန်းအရစ်အရစ်လေးများ ပုံဖော်ထား သည်မှာ သက်ရှိမြတ်စွာဘုရားရှင် သင်္ကန်းဝတ်ဆင်ထားသည်ဟု ထင်ရလောက်ပါသည်၊၊ အာဝုကန ရပ်တော်မူဆင်းတုတော်ကြီးနှင့် ပုံစံတူဆင်းတုတော်များကို ယ္ခုအခါ သီရိလင်္ကာနိုင်ငံအနှံ့တွင် ထွင်း- ထုကိုးကွယ်ကြသည်ကို တွေ့ရပါသည်၊

Srilanka12

“အိစုရုမုနိကျောင်း”
ဒေ၀ါနံပီယတိဿမင်းကြီးသည် ကလေးသူငယ်(500)ကို ရှင်ပြုပေးပြီး၊ ကိုရင်လေးများနေ ထိုင်ရန် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်၊၊ သီရိလင်္ကာနိုင်ငံတွင်ရှိသည့် မြတ်စွာဘုရားရှင်၏ လက်ယာ အောက်စွယ်တော်မြတ်သည် ပထမဆုံး အိစုရုမုနိယကျောင်းတွင်ထားရှိခဲ့ဘူးပြီး၊ ယ္ခုအခါ ကန္ဒီမြို့၊ စွယ် တော်တိုက်ကြီးတွင် ထားရှိပါသည်၊

Srilanka11

“မရီစိဝတ္တိစေတီ”
ဒုဋ္ဌဂါမဏိမင်းကြီး ငယ်စဉ်ကပင် မိဘနှစ်ပါး၏ဆုံးမမှုကိုနာယူလျက် ရတရာသုံးပါးသို့ အလျင် ဦးမချဘဲတစ်စုံတရာကို စားသောက်လေ့မရှိခဲ့ပေ၊၊ တစ်နေ့တွင် ဘုရင်ကြီးစစ်ပွဲအကြီးအကျယ်တိုက် ခိုက်နေစဉ် ‘ငရုပ်သီးတစ်တောင့်’ကို ရတနာသုံးပါးသို့မကပ်လှူဘဲ စားသုံးမိသဖြင့်စစ်ပွဲပြီးဆုံးသောအခါ “မရီစိဝတ္တိစေတီ”တော်ကို တည်ဆောက်လှူဒါန်းခဲ့ပါသည်၊၊ 
“ငရုပ်သီးတောင့်စေတီ”ဟု မြန်မာလို ခေါ်နိုင်ပါသည်၊၊

အချို့သော သီရိလင်္ကာဘုရားစေတီသမိုင်းကျမ်းများတွင်မူ ‘
 ငရုပ်သီးတစ်တောင့်’မဟုတ်ဘဲ၊ “ငရုပ်သီး ဟင်း”ဟု ဖော်ပြထားပါသည်၊၊ ယနေ့ခေတ်အထိ သီရိလင်္ကာလူမျိုးတို့သည် ငရုပ်သီးအစိမ်းကိုဟင်း ချက်စားလေ့ရှိသောကြောင့် ‘ငရုပ်ဟင်း’ ဖြစ်နိုင်ချေရှိပါသည်၊၊ စေတီတော်ကြီးသည် မီတာ(59)မြင့်ပြီး၊ အချင်းမီတာ (51)ဖြစ်ပါသည်၊

Srilanka10

“Moon Stone”
          အခြားဗုဒ္ဓဘာသာ မည်သည့်နိုင်ငံတွင်မှမရှိသည့် ဘာသာရေးသရုပ်ဖော်ပုံစံတစ်ခုမှာ Moon Stone ဖြစ်ပါသည်၊၊ ရှေးခေတ် သီရိလင်္ကာလူမျိုးတို့သည် Moon Stone-ကို စေတီတော်နှင့်၊ ဘုန်းကြီး ကျောင်းများ၏ အ၀င်ဝခြေနင်းခုံနေရာတွင်ထားလေ့ရှိပါသည်၊၊

မွန်းစတုန်းသည် လခြမ်းသန္တာဖြစ်ပြီး၊ အတွင်းတွင် စက်ဝိုင်းအခြမ်းခြောက်ခု ပါဝင်ထုဆစ်ထားပါသည်၊၊ အစွန်ဆုံးစက်ဝိုင်းခြမ်းတွင် အမြိတ်အဆာများရေးဆွဲထားပြီး၊ ပူလောင်ပြင်းပြသည့်မီးတောက်မီးလျှံများ ကို သင်္ကေတပြုပါသည်၊၊

ဒုတိယမြောက်စက်ဝိုင်းချမ်းတွင် ဆင်၊ မြင်း၊ နွားနှင့် ချင်္သေ့ရုပ်တို့ကို ထွင်းထုထားပြီး၊ ဇာတိ ဇရာ ဗျာဓိ မရဏတို့ကို သင်္ကေတပြုပါသည်၊၊ တတိယစက်ဝိုင်းချမ်းတွင် စိန်းစိုလှပသည့် သစ်ရွက်ပုံလေးများ အချင်းချင်းရစ်ပတ်နေပုံများကိုထုဆစ်ထားပြီး၊ တပ်မက်မှုတဏှာကို သင်္ကေတပြုသည်ဟု ဆိုပါသည်၊၊

စတုတ္တမြောက်စက်ဝိုင်းချမ်းတွင် ကြာနွယ်ကြာဖူးပန်းများကို ဘဲငန်းမှကိုက်ချီနေပုံကို ထွင်းထုထားပြီး၊ ကိလေသာကိုထိမ်းချုပ်နိုင်ငံပုံနှင့်၊ ကိလေသာမတင် ဖြူစဉ်သန့်ရှင်းမှုကို သင်္ကေတပြုသည်ဟုဆိုပါသည်၊၊

ပဉ္စမစက်ဝိုင်းချမ်းတွင် သစ်ရွက်သေးသေးလေးများကို ထွင်းထုထားပြီး၊ ကိလေသာများနည်းပါးလာပုံကို သင်္ကေတပြုပါသည်၊၊  ပထမစက်ဝိုင်းအချမ်းတွင် အလွန်လှပသည့်ကြာပန်းများကို ထွင်းထုထားပြီး၊ အပူအားလုံးမှလွတ်ငြိမ်းရာ မြတ်နိဗ္ဗာန်ကို သင်္ကေတပြုသည်ဟု ဆိုပါသည်၊

Srilanka9

 “ထူပါရာမစေတီ”
ထူပါရာမစေတီကို ဒေ၀ါနံပီယတိဿမင်းကြီးမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်၊၊ မြတ်စွာဘု- ရားရှင်၏ ဓာတ်တော်များလှည့်တစ်စီးတိုက်မျှ ဌာပနာထားသည်ဟု စေတီတော်သမိုင်းကျမ်းများတွင် ဖော်ပြထားပြီး၊ အနုရာဒပူရတွင် ရှေးအကျဆုံးသော စေတီတော်လက်ရာလည်း ဖြစ်ပါသည်၊၊ ထူပါရာ မစေတီသည် ဆုတောင်းအလွန်ပြည့်ဝသည်ဟု သီရိလင်္ကာလူမျိုးများ ယုံကြပါသည်၊၊ 

ရှေးအခါက ထူပါရာမစေတီတော်ကို ဆရာတော်ကြီး “ဇောတိပါလမထေရ်မြတ်”မှ “အဂ္ဂဗောဓိ မင်း”အားပြုပြင်ရန်လိုအပ်နေပြီဖြစ်ကြောင်း မိန့်တော်မူခဲ့ဘူးပါသည်၊၊ မင်းကြီးသည် အရှင်မြတ်မိန့် တော်မူသည့်အတိုင်း စေတီတော်အတွင်းမှ ဌာပနာတိုက်ကိုပြုပြင်ရာတွင် ညာဘက်ပခုံးရိုးဓာတ်တော် မြတ်(ညှပ်ရိုးဓာတ်တော်)မြတ်ကို နန်းတော်သို့ပင့်ပြီး ခေတ္တပူဇော်ထားခဲ့ပါသည်၊၊
မင်းကြီးသည် ဓာတ်တော်မြတ်ကိုပူဇော်ရင်း စေတီတော်ကိုပြုပြင်ရန် မေ့လျော့နေခဲ့ပါသည်၊၊ 

လအတန်ကြာသည်အထိ စေတီတော်ကိုမပြုပြင်ဘဲ ဓာတ်တော်ကိုသာပူဇော်နေသည့်အခါ စေတီ တော်ကိုစောင့်ရှောက်သည့် နတ်များမှမင်းကြီးအား အိပ်မက်ထဲတွင်ချိန်းခြောက်ပြီး အမြန်ဆုံးစေတီ တော်ကိုပြုပြင်၍ ဓာတ်တော်အားမူလနေရာတွင် ပြန်လည်ထားရန်တိုက်တွန်းခဲ့ကြပါသည်၊၊

မင်းကြီးသည် နတ်များမှအိပ်မက်ထဲတွင် ချိန်းခြောက်သည့်အခါမှသာ စေတီတော်ကိုပြုပြင်ပြီး ညာဘက်ပခုံးရိုးဓာတ်တော်မြတ်ကို မူလဌာပနာတိုက်အတွင်းသို့ ပြန်လည်ဌာပနာပြီး၊ စေတီတော် ပူဇော်ပွဲကြီးကို တခန်းတနားပြုလုပ်ခဲ့ကြောင်း “မဟာဝံသကျမ်း”တွင် ဖော်ပြထားပါသည်၊

Srilanka8

“သမာဓိရုပ်ပွားတော်”
သမာဓိရုပ်ပွားတော်မြတ်ကို (4 century)တွင် တည်ဆောက်ခဲ့ပြီး၊ (8)ပေ အမြင့်ရှိပါသည်၊၊

 ဇေတ၀နစေတီအနီး မဟာမေ၀ဏဥယျာဉ်ထဲတွင် သမာဓိရုပ်ပွားတော်ကြီး တည်ရှိပါသည်၊၊ တရား ထိုင်နေဟန် ဈာနမုဒြာဖြစ်ပါသည်၊၊ သာမန်လူနှစ်ကိုယ်စာမျှ ကြီးမားသည့်ရုပ်ပွားတော်မြတ် ဖြစ်ပါသည်၊၊

 အိန္ဒိယနိုင်ငံ၏သမ္မတကြီး‘နေရူး’သည် သမာဓိရုပ်ပွားတော်ကို အလွန်ကြည်ညိုလှသဖြင့် သူ၏အခန်း ထဲတွင် သမာဓိရုပ်ပွားတော်ပုံတူကို သေသည့်တိုင်ထားရှိခဲ့ကြောင်း သိရပါသည်၊၊

ရုပ်ပွားတော်ကြီး၏မျက်နှာနှစ်ဘက်မှ ဘယ်ဘက်မျက်နှာတော်သည် အနည်းငယ်မဲ့နေသယောင်ရှိပြီး၊ ညာဘက်မျက်နှာတော်သည် ပြုံးနေသယောင် တွေ့ရပါသည်၊၊ လူသားတို့၏ ချီးမွှန်းဖွယ်လုပ်ရပ်များကို ချီးမွှန်းတော်မူဟန်နှင့်၊ ကဲ့ရဲ့ဖွယ်အပြုအမူများကို မြတ်စွာဘုရားရှင်မှကဲ့ရဲ့တော်မူဟန် မျက်နှာတော်အ နေအထားထုလုပ်ထားခြင်းဖြစ်ကြောင်း သိရပါသည်၊

Srilanka7

ဒုဋ္ဌဂါမဏိမင်းကြီး၏နောက်ပိုင်းတွင် မဟာသေနမင်းသည် အနုရာဒပူရနန်းတော်ကိုရရှိခဲ့ ပါသည်၊ ဘေးစကားကိုယုံကြည်မိပြီး၊ အထက်တွင်ဖော်ပြထားသည့် မဟာဝိဟာရကျောင်းတိုက်ကြီး နှင့် အဘယဂီရိကျောင်းတိုက်ကြီးနှစ်တိုက်ကို မီးရှိုဖြက်ဆီးရုံတွင်မက၊ သံဃာတော်များကို သတ်ဖြတ် ခဲ့ပါသည်၊၊

ဇေတ၀နစေတီတော်ကြီးကို (BCE-4)အကုန်တွင် တည်ဆောက်ခဲ့ပြီး၊ မီတာ(160)မြင့်ပါ သည်၊၊ အုပ်ခဲအရေအတွက် (62)မီလီယံအသုံးပြုထားပြီး၊ တရုပ်ပြည်မှ Great Wall-ပြီးလျင် အုပ်ချပ် အရေအတွက် ကမ္ဘာ့အများဆုံးအသုံးပြုထားသည့် စေတီတော်ကြီးဖြစ်ပါသည်၊၊

မင်းကြီးအသက်ကြီးချိန်ရောက်သောအခါ သူတော်ကောင်းအမတ်ပညာရှိများ၏ ဆုံးမသွင်သင်မှုကို လိုက်နာပြီး၊ ဖြက်ဆီးခဲ့သည့်ကျောင်းတိုက်ကြီးနှစ်တိုက်အစား ဇေတ၀နကျောင်းတိုက်ကြီးကို တည် ဆောက်လှူဒါန်းခဲ့ပါသည်၊၊

ကျောင်းတိုက်ကြီး၏အလည်တွင် ဇေတ၀နစေတီတော်ကြီးလည်း တည်ဆောက်ခဲ့ပါသည်၊၊ စေတီ တော်ကြီးသည် “အီဂျစ်မှ ပိရမစ်”ကြီးတစ်ခုပြီးလျင် ကမ္ဘာ့အကြီးဆုံးရှေး ဟောင်းလက်ရာတစ်ခုအဖြစ် ကမ္ဘာ့အမွေအနှစ်ဖြစ်ကြောင်း 
 မှတ်တမ်းတင်ထားပါသည်၊

Srilanka6

“အဘယဂီရိစေတီ”
ဒုဋ္ဌဂါမဏိမင်းကြီးသည် တမီကျားသူပုန်များ၏ တိုက်ခိုက်မှုကြောင့် နန်းတော်ကိုစွန့်လွှတ်ပြီး ထွက်ပြေးခဲ့ရဘူးပါသည်၊၊ မင်းကြီးနန်းတော်မှထွက်ပြေးရစဉ် “ဂျိန်းဘုန်းကြီးတစ်ပါးမှ ငမဲကြီးတော့ ပြေးပြီ”ဟု အော်ဟစ်ပြောဆိုသံကို မင်းကြီးကြားလိုက်ရပါသည်၊၊

အနုရာဒနန်းတော်ကို မင်းကြီးပြန်လည်တိုက်ခိုက်၍ အောင်မြင်သောအခါ ယ္ခင်အရေးနိမ့်စဉ်က “ငမဲကြီး ထွက်ပြေးပြီ” ဟုပြောဆို ပြောင်လှောင်ခဲ့သည့် ဂျိန်းဘုန်းကြီးများနေသည့်ကျောင်းမှ ဂျိန်း ဘုန်းကြီးများ အားလုံးကို လူဝတ်လဲစေပြီးစစ်တပ်ထဲထည့်လိုက်ပါသည်၊၊ ကျောင်းတိုက်ကိုလည်းမင်း ပိုင်သိမ်းဆည်းပြီး၊ ကျောင်းတိုက်ကြီးအဖြစ် တည်ဆောက်ခဲ့ပါသည်၊၊ Hectare 121-ကျယ်ဝန်းပါသည်၊၊

ဂျိန်းဘုန်းကြီး၏ကျောင်းကို သိမ်း၍တည်ဆောက်ထားသောကျောင်းဖြစ်သောကြောင့် “အဘယဂီရိ ကျောင်း”ဟု အမှည့်မှည့်ထားခြင်းဖြစ်ပါသည်၊၊ မင်းကြီးထွက်ပြေးရစဉ်ကကူညီခဲ့သည့် “မဟာတိဿမ ထေရ်”အား ကျောင်းတိုက်ကိုလှူဒါန်းခဲ့ပါသည်၊၊ သံဃာတော်ပေါင်း (7000)သီတင်းသုံးခဲ့ကြောင်း ပါဠိ- စာပေကျမ်းများတွင် ဖော်ပြထားပါသည်၊၊

အဘယဂီရိကျောင်းတိုက်ကြီး၏ အလည်တည့်တည့်တွင် အဘယဂီရိစေတီတော်ကြီးကိုလည်း တည် ဆောက်ထားပြီး၊ ယနေ့တိုင် ရှေးဟောင်းစေတီတော်ကြီးအဖြစ် လေ့လာနိုင်ပါသည်၊၊ မြန်မာနိုင်ငံ၊ ရွှေတိဂုံစေတီထက် များစွာထုထည်ကြီးမားပါသည်၊၊ အဘယဂီရိကျောင်းတိုက်၏ အုပ်ရိုး အုပ်တိုက် ကျောင်းပျက်များကိုလည်း ယနေ့တိုင်တွေ့မြင်နိုင်ပါသည်၊၊

စေတီတော်ကြီးကို (1st century BCE)တွင်တည်ဆောက်ခဲ့ပါသည်၊၊ သာသနာတော်နှစ်(454)ဖြစ် ပါသည်၊၊ စေတီတော်လုံးပတ်ပေ (900)ရှိသည်ဟု ဆိုပါသည်၊၊ မြင့်မီတာ(72), အချင်းမီတာ(94)ဖြစ် ပါသည်၊၊ 

ပါဠိစာပေများတွင် အဘယဂီရိကျောင်းတိုက်ကို သာသနာ့ပပညာရပ်များကို သင်ကြားပြသပြီး၊ ၀ိနည်း စည်းကမ်းမရှိသောကျောင်းတိုက်ဟု ပြောဆိုလေ့ရှိပါသည်၊၊ သို့သော် တရုပ်ရဟန်းတော်များ၏ ထိုခေတ်က ခရီးသွားမှတ်တမ်းများတွင်မူ အဘယဂီရိကျောင်းတိုက်သည် ပညာရေးသာလွန်လျက် ရှိပြီး၊ အချိန်နှင့်သင့်တော်သည့် ဘာသာစကားနှင့်ပညာရပ်တို့ကို သင်ကြားပေးနေသည့် ပညာရေးစင် တာကြီးတစ်ခုဖြစ်သည်ဟု မှတ်တမ်းတင်ထားခဲ့ကြပါသည်၊၊

“မဟာဝိဟာရကျောင်းတိုက်”မှ ထွက်ပေါ်ခဲ့သည့် ၀ိသုဒ္ဓိမဂ်ကျမ်းသည် ပညာရေးရှုဒေါင့်မှလေ့လာသုံး သပ်လျင် အလွန်ကောင်းသည့် တရားကျင့်သုံးနည်းကျမ်းဖြစ်သကဲ့သို့ “အဘယဂီရိကျောင်းတိုက်”မှ ထွက်ပေါ်ခဲ့သည့် ၀ိမုတ္တိမဂ်ကျမ်းသည် လက်တွေ့ကျင့်သုံးမှုရှုဒေါင့်မှ လေ့လာသုံးသပ်လျင် လက်တွေ့ ဆန်သည့်ကျမ်းဖြစ်ပါသည်၊၊

The Theravada’s Visuddhimagga presents meditation from a more academic perspective, while the Abhayagirin’s Vimuttimagga is a more practical manual. (Sacred Island, ps 41)

Srilanka5

“မဟာစေတီ”

                  ဟာစေတီကြီးကို ဒုဋ္ဌဂါမဏိမင်းကြီးမင်းကြီးမှ (BC-140)တွင် တည်ဆောက်ခဲ့ပါသည်၊၊ စေတီ တော်ကြီးသည် အလွန်လှပပြီး၊ UNESCO-၏အကူအညီဖြင့် မူလပုံစံအတိုင်းပြန် လည်ပြုပြင်ထား သည်ကို တွေ့နိုင်ပါသည်၊၊ 

မြတ်စွာဘုရားရှင်တည်ထောင်တော်မူသည့် သာသနာတော်သည် မည်သူတစ်ဦးတစ်ယောက်ကမှ ကိုး ကွယ်မှုမပြုကြတော့သည့်အချိန်တွင် မြတ်စွာဘုရားရှင်၏ဓာတ်တော်များအားလုံး မဟာစေတီတော် ကြီးတွင် စုပေါင်းရောက်ရှိလာကြမည်ဖြစ်ပြီး၊ မြတ်စွာဘုရားရှင်၏ ဓိဋ္ဌာန်တော်မူခဲ့သည့်အတိုင်း “ဓာတု- ပရိနိဗ္ဗာန်”စံတော်မူကြမည် ဖြစ်ပါသည်၊၊

မဟာစေတီတော်ကြီးကို သီရိလင်္ကာဘာသာဖြင့် မဟာဝေလိစယဟု ခေါ်ပါသည်၊၊ (91)မီတာ အမြင့်ရှိပြီး၊ အချင်းမီတာ (90)ဖြစ်ပါသည်၊၊ စေတီတော်ကြီးပြီးခါနီးအချိန်တွင် ဒုဌဂါမဏိမင်းကြီးသည် ကျန်း မာရေးချွတ်ယွင်းလာသဖြင့် နန်းအမွေဆက်ခံသူ ညီတော်သဒ္ဓါတိဿမင်းမှ မပြီးသေးဘဲကျန်ရှိနေ သည့် စေတီတော်အထွက်ပိုင်းကို အ၀တ်ဖြူများဖြင့်စေတီတော်ကြီး ပြီးစီးနေသည့်ဟန် ပုံစံပြုပြီး နောင်တော်မင်းကြီးကို ဖူးမြှော်ကြည်ညိုစေပါသည်၊၊

ဒုဌဂါမဏိမင်းကြီးသည် သူတည်ဆောက်လှူဒါန်းသည့် စေတီတော်ကြီးအပြီးဆုံးအောင်မြင်ပြီဟူသော အမှတ်သတိဖြင့်ပင် ၀မ်းမြောက်ဝမ်းသာ ကံတော်ကုန်ခဲ့ပါသည်၊၊ အိန္ဒိယမှ “ဆန်ချီစေတီစေတီ”နှင့် အချိန်အတူတည်ဆောက်ခဲ့သည့် စေတီတော်ဖြစ်ပါသည်၊၊ စေတီတော်တည်ဆောက်မှုအတွက် (6400,000)ငွေသား ကုန်ကျသည်ခဲ့ပါသည်၊၊

မဟာဝိဟာရကျောင်းတိုက်ဝင်းကြီးအတွင်းတွင် သံဃာတော်များ ရေသုံးရန်တည်ဆောက်ထားသည့် “ရေကန်ညီနောင်”ကိုလည်း လေ့လာနိုင်ပါသည်၊၊ မြေထဲတွင် အုပ်စီ၍တည်ဆောက်ထားသည့် ရေကန် များဖြစ်ပါသည်၊၊ Twin Ponds-ဟုခေါ်ပါသည်၊၊





ကန်ညီနောင်သည် (8 century)တွင် တည်ဆောက်ခဲ့ပြီး၊ အကြီးကန်ကို အလျင်ဆောက်ပြီး၊ ကန်အ သေးကို နောက်ကျမှတည်ဆောက်ခဲ့ပါသည်၊၊ ကန်အကြီးသည် မီတာ(40)အရှည်ရှိပြီး၊ ကန်ငယ်သည် မီတာ(28)ရှည်ပါသည်၊၊ နှစ်ကန်စလုံး (16)မီတာ အကျယ်ရှိပါသည်၊၊

မဟာစေတီတော်ကြီးအပါအ၀င် မဟာဗောဓိပင်နှင့် ကြေးပြသာဒ်ကြီးတို့သည် မဟာဝိဟာရကျောင်း တိုက်ကြီးအတွင်းတွင် တည်ရှိကြပါသည်၊၊ ယ္ခုအခါ ပိဋကတ်သုံးပုံဟုခေါ်သည် ပါဠိစာပေများကို အိန္ဒိယနိုင်ငံမှ အရှင်မဟာမဟိန္ဒသည် သီရိလင်္ကာသို့ဆောင်ယူလာခဲ့ပြီး၊ မဟာဝိဟာရကျောင်းတိုက် တွင် အိန္ဒိယဘာသာအမျိုးမျိုးမှ ပါဠိဘာသာသို့ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်၊၊ 

“မဟာဝိဟာရ” ကျောင်းတိုက်ကြီးသည် Hectare 40-ကျယ်ဝန်းပါသည်၊၊
သီရိလင်္ကာလူမျိုးတို့ စုစည်းထားသည့် ပါဠိမူ တိပိဋကတ်သုံးပုံသည် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး၊ မြန်မာလူမျိုးတို့ သင်ယူခွင့်၊ လေ့လာခွင့်၊ ကျင့်သုံးခွင့်ရနေခြင်း ဖြစ်ပါသည်၊