Saturday, November 12, 2016

ဆိဂီရိယတောင်

 သီရိလင်္ကာ၏ နာမည်ကျော် နေရာများ
ဆိဂီရိယကျောက်တောင်

စာရေးသူတို့အဖွဲ့သည် ဒမ္ဘူလတောင်မှသည် နာမည်ကျော်ဆိဂီရိယကျောင်တောင်ဆီသို့
ခရီးဆက်ခဲ့ကြ၏။ ဆီဂိရိယကားအလွန်လှ၏။ သူ၏အတိတ်သမိုင်းကားရိုင်းလှ၏။
ဤတောင်သည် အဝေးမှကြည့်လျှင် ခြင်္သေ့နှင့် တူသယောင်ယောင် ထင်ရသောကြောင့်
ခြင်္သေ့ကျောက်တောင် (Lion’s Rock) ဟုလည်းအမည်တွင်၏။ UNESCO အဖွဲ့ကြီးက
သီရိလင်္ကာ၏ သမိုင်းဝင်အမွေအနှစ်အဖြစ် သတ်မှတ်ထားသော တောင်ခုနစ်လုံးတွင်
တစ်ခုအပါအဝင်ဖြစ်လေသည်။ မြင့်မားမတ်စောက်လှသော
သည်ကျောက်တောင်သည်သီရိလင်္ကာသမိုင်းမှတမ်းများအရ ဘီစီ (၅) ရာစုခန့်က
ဘုရင်ကဿ၏ ထီးနန်းခံတပ်မြို့ဖြစ်ခဲ့ဖူး၏။

ဘုရင်ကဿပသည် ဖခမည်းတော်ဖြစ်သော ဘုရင်ဒါရုသေနကိုသတ်ပြီး ထီးနန်းကိုလုယူ၏။
အဖေတူ အမေကွဲဖြစ်သော ညီတော်ဖြစ်သူ မောဂ္ဂလာန်က တိုက်လာသောအခါ
ဆိဂီရိယသို့ထွက်ပြေးပြီး ထီးနန်းခံတပ်မြို့တည်ကာ
အခိုင်အမာရပ်တည်နေခဲ့လေသည်

No comments:

Post a Comment