“ဂေါဝိဟာရ”
ကျောက်တောင်တန်းအရှည်ကြီးကို မြတ်စွာဘုရားရှင်၏ ထိုင်တော်မူဆင်းတုတော်၊ ရပ်တော် မူဆင်းတုတော်နှင့်၊ လျောင်းတော်မူဆင်းတုတော် ပုံစံအချိုးအစားသုံးမျိုးထွင်းထုထားသည်မှာ ထူးခြား အံ့သြဖွယ်ရာ ဖြစ်ပါသည်၊၊
ရပ်တော်မူဆင်းတုတော်ကြီးသည် လက်ပိုက်လျက်ရှေ့သို့တည့်တည့်ကြည့်နေဟန်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ နိုင်ငံအများအပြားတွင် မည်သည့်နိုင်ငံတွင်မှမရှိသည့် ဆင်းတုတော်ပုံဟန်ဖြစ်ပါသည်၊၊
ဆင်းတုတော်အမျိုးမျိုးကို မုဒြာသတ်မှတ်ရာတွင်လည်း လက်ပိုက်ပုံဟန်ဖြစ်သဖြင့် မည်သို့မည်ပုံမုဒြာအမည်မှည့် ရမည်ကို ဗုဒ္ဓစာပေပညာရှင်တို့ခေါင်းကုပ်ပြီး ဦးနှောက်ခြောက်ရသည့် ဆင်းတုတော်ကြီးဖြစ်ပါသည်၊၊
မည်သည့်ပါဠိစာပေနှင့် စေတီဆင်းတုတော်သမိုင်းကျမ်းတွင်မှ ဆင်းတုတော်ကြီး၏ မုဒြာအမည်ကို ဖော်ပြမထားသော်လည်း သီရိလင်္ကာလူမျိုးတို့သည် ဆင်းတုတော်ကြီးကို “မဟာကရုဏာ-ဒုက္ခ သုခမု ဒြာ”ဟုနာမည်ဆန်းဆန်းပေးထားကြသည်ကို လေ့လာရပါသည်၊၊
သုံးဆယ့်တစ်ဘုံတွင် ကျင်လည်နေရသည့်သတ္တ၀ါ ဝေနေယျတို့၏တသက်တာ ဘ၀ဒုက္ခသုခများကို ကြည့်ပြီး မြတ်စွာဘုရားရှင်မှ ကရုဏာသက်နေသည့်ဟန်ကို လက်ပိုက်ကြည့်နေပုံဖြင့် သရုပ်ဖော်ထွင်း ထုထားသည်ဟု သီရိလင်္ကာအဘိုးအိုတစ်ယောက်မှ ဆင်းတုတော်ကြီးနံဘေးတွင် ရှင်းပြသောကြော
No comments:
Post a Comment