“သမာဓိရုပ်ပွားတော်”
သမာဓိရုပ်ပွားတော်မြတ်ကို (4 century)တွင် တည်ဆောက်ခဲ့ပြီး၊ (8)ပေ အမြင့်ရှိပါသည်၊၊
ဇေတ၀နစေတီအနီး မဟာမေ၀ဏဥယျာဉ်ထဲတွင် သမာဓိရုပ်ပွားတော်ကြီး တည်ရှိပါသည်၊၊ တရား ထိုင်နေဟန် ဈာနမုဒြာဖြစ်ပါသည်၊၊ သာမန်လူနှစ်ကိုယ်စာမျှ ကြီးမားသည့်ရုပ်ပွားတော်မြတ် ဖြစ်ပါသည်၊၊
အိန္ဒိယနိုင်ငံ၏သမ္မတကြီး‘နေရူး’သည် သမာဓိရုပ်ပွားတော်ကို အလွန်ကြည်ညိုလှသဖြင့် သူ၏အခန်း ထဲတွင် သမာဓိရုပ်ပွားတော်ပုံတူကို သေသည့်တိုင်ထားရှိခဲ့ကြောင်း သိရပါသည်၊၊
ရုပ်ပွားတော်ကြီး၏မျက်နှာနှစ်ဘက်မှ ဘယ်ဘက်မျက်နှာတော်သည် အနည်းငယ်မဲ့နေသယောင်ရှိပြီး၊ ညာဘက်မျက်နှာတော်သည် ပြုံးနေသယောင် တွေ့ရပါသည်၊၊ လူသားတို့၏ ချီးမွှန်းဖွယ်လုပ်ရပ်များကို ချီးမွှန်းတော်မူဟန်နှင့်၊ ကဲ့ရဲ့ဖွယ်အပြုအမူများကို မြတ်စွာဘုရားရှင်မှကဲ့ရဲ့တော်မူဟန် မျက်နှာတော်အ နေအထားထုလုပ်ထားခြင်းဖြစ်ကြောင်း သိရပါသည်၊
No comments:
Post a Comment