Saturday, November 12, 2016

သီဟိုဠ်သို့၂

+ဒုတိယအကြိမ် ဘုရားရှင် သီရိလင်္ကာသို့ကြွတော်မူခြင်း+
မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ရောက်တော်မူအပြီး၊ (၅)၀ါအရတွင် နာဂဒီပကျွန်းသို့ ဒုတိယအကြိမ် ကြွတော်မူခဲ့ပါသည်၊၊ ထိုအချိန်က နာဂဒီပတွင် မဟာဒရမင်း နတ်ရွာစံပြီး၊ သားတော် စူဠဒရမင်း သားနှင့်၊ ဦးရီးတော် မဟောဒရတို့ ပတ္တမြားနန်းပလ္လင်လုရာက ပြည်တွင်းစစ်ဖြစ်နေသော အချိန်ဖြစ်သည်၊၊ မြတ်စွာဘုရားရှင်သည် နှစ်ဘက်စစ်ပွဲ၏ အလယ်တည့်တည့်ကောင်းကင်ယံတွင် ရပ်တန့်တော်မူပြီး၊ တရားတော် ဟောကြားတော်မူပါသည်၊၊ နှစ်ဘက်စစ်သည်တို့ လက်နက်များကိုယ်စီချပြီး၊ တရားတော်နာယူကာ၊ စစ်ပြေငြိမ်းကြရပါသည်၊၊ စစ်သည်အပေါင်းနှင့် ပရိသတ်တို့အား သရဏဂုံ သီလ၌ တည်စေပြီး၊ သာသနာမျိုးစေ့ကို ချတော်မူခဲ့ပါသည်၊၊ ထိုနေရာတွင် ယ္ခုအခါစေတီငယ်တစ်ဆူ တည်ရှိပြီး၊ စေတီတော်၏အမည်မှာ “နာဂဒီပစေတီ”ဟုဖြစ်ပါသည်၊ ဂျဖနာ=Jaffnaအရပ်တွင် တည်ရှိပြီး၊ ကိုလမ်ဘိုမြို့တော်မှ ကီလိုမီတာ(၄၀၀)ခန့်ဝေးပါသည်၊၊ ထိုစေတီအထဲတွင် ဘုရားရှင်က နှစ်ဘက်စစ်သည်တို့ကို စစ်ပြေငြိမ်းစေပြီးရာ၊ မြေထက်ပလ္လင်ပေါ်တွင် ထိုင်တော်မူပြီး တရားတော်ဟောစဉ်က ထိုင်တော်မူခဲ့သော ပတ္တမြားပလ္လင်တော်နှင့်၊ နာဂဒီပသို့ကြွလာစဉ်က သမိဒ္ဓိမည်သော နတ်သားသည် မြတ်စွာဘုရားရှင်အား လင်လွန်းပင်ကို ထီးတော်အဖြစ် မိုးလာရာက ပါလာသော လင်လွန်းပင်ကိုဌာပနာထားသည်ဟု မှတ်သားရပါသည်၊

No comments:

Post a Comment