အနုရာဓပူရမြို့သည် သီရိလင်္ကာနိုင်ငံ၏ ပထမဆုံးမင်းနေပြည်တော်ဆိုက်ရာ ရှေးဟောင်းအကျဆုံးမြို့ တော်ဖြစ်ပါသည်၊၊ (BCE-3)ရာစုက တည်ထောင်ခဲ့သည့် မြို့တော်ဖြစ်ပါသည်၊၊ နှစ်သက်တမ်း(2400) ခန့်ရှိခဲ့ပြီ ဖြစ်ပါသည်၊၊
အနုရာဓပူရမြို့တော်ကို “ပဏ္ဍုကာဘယမင်း”မှ စတင်တည်ထောင်ခဲ့ပါသည်၊၊
“ပဏ္ဍုကာဘယမင်း”သည် သီဟိုဠ်ကျွန်း၏ ပဉ္စမမြောက်မင်းဆက် ဖြစ်ပါသည်၊၊
“အနုရာဓ”အမည်ရှိ သောအမတ်ကြီးနေသည့်နေသည့်ရွာမှ အနုရာဓပူရမြို့တော်ကြီး ဖြစ်လာခဲ့ပါသည်၊၊
အမတ်ကြီး၏အ မည်ကိုပင်ယူ၍“အနုရာဓပူရမြို့”ဟု အမည်မှည့်ထားခြင်းဖြစ်ပါသည်၊၊
အနုရာပူရမြို့တော်တွင် ဘုရားဖူးများနှင့်၊ ရှေးဟောင်းအမွေအနှစ် လေ့လာသူများအတွက် နေရာများ စွာပင်ဖြစ်ပါသည်၊၊ (2)ရက်အပြည့်လေ့လာမှ အားလုံးစုံနိုင်ပါသည်၊၊
(1) မဟာဗောဓိပင်
(2) လောဟပါသာဏကြေးပြသာဒ်
(3) မဟာစေတီ
(4) ရေကန်ညီနောင်
(5) ထူပါရာမစေတီ
(6) သမာဓိရုပ်ပွားတော်
(7) ဇေတ၀နစေတီ
(8) အဘယဂိရိစေတီ
(9) အစ္စုရုမုနိယစေတီ
(10) မရီစိဝတ္တိစေတီ
တတိယသင်္ဂါယနာ၏ ဆုံးဖြတ်ချက်ဖြင့် အရှင်မဟာမဟိန္ဒသည် သီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ)သို့ ကြွရောက်ပြီး သာသနာပြုခဲ့ပါသည်၊၊ အရှင်မဟိန္ဒ၏အားထုတ်မှုကြောင့် သီရိလင်္ကာတစ်နိုင်ငံလုံး ဗုဒ္ဓဘာသာဖြစ်ခဲ့ပြီး၊ အမျိုးသားအများအပြား ရဟန်းပြုခဲ့ကြပါသည်၊၊
အမျိုးသ္မီးများသည်လည်း သာသနာတော်အတွင်းသို့ဝင်ရောက်၍ ဘိက္ခုနီဝတ်ချင်ကြကြောင်း အရှင်မဟိန္ဒကို လျောက်တင်ကြ ပါသည်၊၊
အရှင်မဟိန္ဒသည် ညီမအရင်းတော်စပ်သည့် သင်္ဃမိတ္တာကိုခေါ်ခဲ့ပါသည်၊၊ သင်္ဃမိတ္တာထေရီမနှင့်အ တူ“ခမည်းတော်-သီရိဓမ္မာသောကမင်း”ကြီးသည် မြတ်စွာဘုရားရှင်ပွင့်တော်မူခဲ့သည့် မဟာဗောဓိပင် ကြီးမှတောင်ဘက်ကိုင်းကို ဆေးဖြင့်အစီအမံပြု၍ ဖြတ်ပေးလိုက်ပါသည်၊၊
သင်္ဃမိတ္တာထေရီမသည် ဗောဓိပင်အကိုင်းကိုဆောင်ယူလျက် သီရိလင်္ကာသို့ကြွလာခဲ့ပြီး၊ ဒေ၀ါနံပီယ- တိဿမင်းကြီး၏မရီးတော်စပ်သူ “အနုလာမင်းသမီး”ဦးဆောင်သော သီရိလင်္ကာအမျိုးသ္မီးအများအ ပြားကို ဘိက္ခုနီမအဖြစ် ၀တ်ပေးခဲ့ပါသည်၊၊
ထေရီမသယ်ဆောင်လာသည့် မဟာဗောဓိပင်ကြီးမှ တောင်ဘက်ကိုင်းကို စိုက်ပျိုးထားသည့်မဟာဗောဓိပင်သည် ယနေ့တိုင်သီရိလင်္ကာနိုင်ငံတွင် အသက်ရှင်လျက် ရှိနေပါသည်၊၊
(အနုလာမင်းသမီးသည် ဒေ၀ါနံပီယတိဿမင်း၏ မိဗုရားငယ်တစ်ဦးလည်း ဖြစ်ပါသည်၊၊)
သီရိလင်္ကာနိုင်ငံတွင်ရှိသည့် မဟာဗောဓိပင်ကို သင်္ဃမိတ္တာထေရီမ သယ်ဆောင်လာသည့်ဗောဓိ ညောင်ပင်ဖြစ်သောကြောင့် “သင်္ဃမိတ္တာဗောဓိပင်”ဟုလည်း ခေါ်ကြပါသည်၊၊
“သီရိမဟာဗောဓိပင်”ဟု လည်းခေါ်ကြပါသည်၊၊ သီဟိုဠ်လူမျိုးတို့သည် မဟာဗောဓိပင်ကို အသက်တမျှတန်ဖိုးထားကြပြီး၊ ဗောဓိ ပင်မှ အသီးများကိုစုစည်းပြီး တစ်နိုင်ငံလုံးအနှံ့ဗောဓိပင်များကို စိုက်ပျိုးထားကြပါသည်၊၊
မည်သည့်နေရာတွင်ရှိသည့် ဗောဓိပင်မှကိုခုပ်ခွင့်မရှိပေ၊ ဗောဓိပင်အကိုင်းကိုခုပ်လျင်ပင် နိုင်ငံတော်ဥပဒေဖြင့် ကြီးလေးသည့်ပြစ်ဒဏ်ကို ပေးပါသည်၊၊
“ကြေးပြသာဒ်”
လောဟပါသာဒကြေးပြသာဒ်ကြီးကို “ဒုဋ္ဌဂါမဏိမင်း”ကြီးမှ ဆောက်လုပ်ခဲ့ပါသည်၊၊ ကျောက် တိုင်ပေါင်း(1600)ဖြင့် တည်ဆောက်ထားပြီး၊ တစ်ထပ်တွင်အခန်းပေါင်း (1000)ရှိပါသည်၊၊ တစ်ထပ် တွင် ပြတင်းပေါက်ပေါင်း(100)တပ်ထားပြီး၊ (9)ထပ်အမြင့်အဆောက်အဦးဖြစ်ပါသည်၊၊
သာသနာတော်အတွက် စာပေရှုဒေါင့်တွင်အလွန်တရာအရေးပါသည့် အဋ္ဌကထာကျမ်းများကို ကျမ်းရေးသူ “အရှင်မဟာဗုဒ္ဓဃောသမထေရ်”သည် လောဟပါသာဒပြသာဒ်ကြီးပေါ်တွင် ရေးသားခဲ့ကြောင်း ပါဠိစာပေသမိုင်းမှတ်တမ်းများတွင် ဖော်ပြထားပါသည်၊၊
ကြေးပြသာဒ်ကြီးကို သံဃာပေါင်း (3000)သီတင်းသုံးသည့် မဟာဝိဟာရကျောင်းတိုက်ကြီး၏ ဆွမ်း စားကျောင်းအဖြစ်၊ ဥပုသ်ကျောင်းအဖြစ်၊ သိမ်အဖြစ်အသုံးပြုခဲ့သည်ဟု မှတ်တမ်းတင်ထားသည်ကို လေ့လာရပါသည်၊၊
ဒုဋ္ဌဂါမဏိမင်းကြီး၏ညီတော်“သဒ္ဓါတိဿမင်း”လက်ထက်တွင် ဆီမီးပူဇော်ထားသည့်ဆီမီးမှ မီးလောင် ကျွမ်းခဲ့သဖြင့် ယ္ခုအခါတွင်ပြသာဒ်ကြီးကို မှတ်တမ်းတစ်ခုအဖြစ်ဖြင့်သာလျင် တစ်ထပ်တည်းမူလ ကျောက်တိုင်များဖြင့် ပြန်လည်တည်ဆောက်ပြသထားသည်ကိုသာ လေ့လာရရှိနိုင်ပါတော့သည်၊
No comments:
Post a Comment