Saturday, November 12, 2016

Srilanka11

“မရီစိဝတ္တိစေတီ”
ဒုဋ္ဌဂါမဏိမင်းကြီး ငယ်စဉ်ကပင် မိဘနှစ်ပါး၏ဆုံးမမှုကိုနာယူလျက် ရတရာသုံးပါးသို့ အလျင် ဦးမချဘဲတစ်စုံတရာကို စားသောက်လေ့မရှိခဲ့ပေ၊၊ တစ်နေ့တွင် ဘုရင်ကြီးစစ်ပွဲအကြီးအကျယ်တိုက် ခိုက်နေစဉ် ‘ငရုပ်သီးတစ်တောင့်’ကို ရတနာသုံးပါးသို့မကပ်လှူဘဲ စားသုံးမိသဖြင့်စစ်ပွဲပြီးဆုံးသောအခါ “မရီစိဝတ္တိစေတီ”တော်ကို တည်ဆောက်လှူဒါန်းခဲ့ပါသည်၊၊ 
“ငရုပ်သီးတောင့်စေတီ”ဟု မြန်မာလို ခေါ်နိုင်ပါသည်၊၊

အချို့သော သီရိလင်္ကာဘုရားစေတီသမိုင်းကျမ်းများတွင်မူ ‘
 ငရုပ်သီးတစ်တောင့်’မဟုတ်ဘဲ၊ “ငရုပ်သီး ဟင်း”ဟု ဖော်ပြထားပါသည်၊၊ ယနေ့ခေတ်အထိ သီရိလင်္ကာလူမျိုးတို့သည် ငရုပ်သီးအစိမ်းကိုဟင်း ချက်စားလေ့ရှိသောကြောင့် ‘ငရုပ်ဟင်း’ ဖြစ်နိုင်ချေရှိပါသည်၊၊ စေတီတော်ကြီးသည် မီတာ(59)မြင့်ပြီး၊ အချင်းမီတာ (51)ဖြစ်ပါသည်၊

No comments:

Post a Comment