“ထူပါရာမစေတီ”
ထူပါရာမစေတီကို ဒေ၀ါနံပီယတိဿမင်းကြီးမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်၊၊ မြတ်စွာဘု- ရားရှင်၏ ဓာတ်တော်များလှည့်တစ်စီးတိုက်မျှ ဌာပနာထားသည်ဟု စေတီတော်သမိုင်းကျမ်းများတွင် ဖော်ပြထားပြီး၊ အနုရာဒပူရတွင် ရှေးအကျဆုံးသော စေတီတော်လက်ရာလည်း ဖြစ်ပါသည်၊၊ ထူပါရာ မစေတီသည် ဆုတောင်းအလွန်ပြည့်ဝသည်ဟု သီရိလင်္ကာလူမျိုးများ ယုံကြပါသည်၊၊
ရှေးအခါက ထူပါရာမစေတီတော်ကို ဆရာတော်ကြီး “ဇောတိပါလမထေရ်မြတ်”မှ “အဂ္ဂဗောဓိ မင်း”အားပြုပြင်ရန်လိုအပ်နေပြီဖြစ်ကြောင်း မိန့်တော်မူခဲ့ဘူးပါသည်၊၊ မင်းကြီးသည် အရှင်မြတ်မိန့် တော်မူသည့်အတိုင်း စေတီတော်အတွင်းမှ ဌာပနာတိုက်ကိုပြုပြင်ရာတွင် ညာဘက်ပခုံးရိုးဓာတ်တော် မြတ်(ညှပ်ရိုးဓာတ်တော်)မြတ်ကို နန်းတော်သို့ပင့်ပြီး ခေတ္တပူဇော်ထားခဲ့ပါသည်၊၊
မင်းကြီးသည် ဓာတ်တော်မြတ်ကိုပူဇော်ရင်း စေတီတော်ကိုပြုပြင်ရန် မေ့လျော့နေခဲ့ပါသည်၊၊
လအတန်ကြာသည်အထိ စေတီတော်ကိုမပြုပြင်ဘဲ ဓာတ်တော်ကိုသာပူဇော်နေသည့်အခါ စေတီ တော်ကိုစောင့်ရှောက်သည့် နတ်များမှမင်းကြီးအား အိပ်မက်ထဲတွင်ချိန်းခြောက်ပြီး အမြန်ဆုံးစေတီ တော်ကိုပြုပြင်၍ ဓာတ်တော်အားမူလနေရာတွင် ပြန်လည်ထားရန်တိုက်တွန်းခဲ့ကြပါသည်၊၊
မင်းကြီးသည် နတ်များမှအိပ်မက်ထဲတွင် ချိန်းခြောက်သည့်အခါမှသာ စေတီတော်ကိုပြုပြင်ပြီး ညာဘက်ပခုံးရိုးဓာတ်တော်မြတ်ကို မူလဌာပနာတိုက်အတွင်းသို့ ပြန်လည်ဌာပနာပြီး၊ စေတီတော် ပူဇော်ပွဲကြီးကို တခန်းတနားပြုလုပ်ခဲ့ကြောင်း “မဟာဝံသကျမ်း”တွင် ဖော်ပြထားပါသည်၊
good news
ReplyDelete