Saturday, November 12, 2016

Srilanka7

ဒုဋ္ဌဂါမဏိမင်းကြီး၏နောက်ပိုင်းတွင် မဟာသေနမင်းသည် အနုရာဒပူရနန်းတော်ကိုရရှိခဲ့ ပါသည်၊ ဘေးစကားကိုယုံကြည်မိပြီး၊ အထက်တွင်ဖော်ပြထားသည့် မဟာဝိဟာရကျောင်းတိုက်ကြီး နှင့် အဘယဂီရိကျောင်းတိုက်ကြီးနှစ်တိုက်ကို မီးရှိုဖြက်ဆီးရုံတွင်မက၊ သံဃာတော်များကို သတ်ဖြတ် ခဲ့ပါသည်၊၊

ဇေတ၀နစေတီတော်ကြီးကို (BCE-4)အကုန်တွင် တည်ဆောက်ခဲ့ပြီး၊ မီတာ(160)မြင့်ပါ သည်၊၊ အုပ်ခဲအရေအတွက် (62)မီလီယံအသုံးပြုထားပြီး၊ တရုပ်ပြည်မှ Great Wall-ပြီးလျင် အုပ်ချပ် အရေအတွက် ကမ္ဘာ့အများဆုံးအသုံးပြုထားသည့် စေတီတော်ကြီးဖြစ်ပါသည်၊၊

မင်းကြီးအသက်ကြီးချိန်ရောက်သောအခါ သူတော်ကောင်းအမတ်ပညာရှိများ၏ ဆုံးမသွင်သင်မှုကို လိုက်နာပြီး၊ ဖြက်ဆီးခဲ့သည့်ကျောင်းတိုက်ကြီးနှစ်တိုက်အစား ဇေတ၀နကျောင်းတိုက်ကြီးကို တည် ဆောက်လှူဒါန်းခဲ့ပါသည်၊၊

ကျောင်းတိုက်ကြီး၏အလည်တွင် ဇေတ၀နစေတီတော်ကြီးလည်း တည်ဆောက်ခဲ့ပါသည်၊၊ စေတီ တော်ကြီးသည် “အီဂျစ်မှ ပိရမစ်”ကြီးတစ်ခုပြီးလျင် ကမ္ဘာ့အကြီးဆုံးရှေး ဟောင်းလက်ရာတစ်ခုအဖြစ် ကမ္ဘာ့အမွေအနှစ်ဖြစ်ကြောင်း 
 မှတ်တမ်းတင်ထားပါသည်၊

No comments:

Post a Comment