Saturday, November 12, 2016

Srilanka14

(AD-11,12)ရာစုတွင် “ပရက္ကမဗာဟုမင်း”တည်ထောင်သည့် မြို့တော်ဟောင်းဖြစ်ပါသည်၊၊ ပရက္ကမဗာဟုမင်းကြီး၏ ကျောက် သားရုပ်တုကို ယနေ့တိုင်လေ့လာတွေ့ရှိနိုင်ပါသည်၊၊

ပေါလွန္နရုဝမြို့တော်ဟောင်းတွင် လေ့လာရန်နေရာအတော်များများ ရှိပါသည်၊၊ မြန်မာနိုင်ငံ ပုဂံခေတ် နှင့်ခေတ်ပြိုင်မြို့တော် ဖြစ်ပါသည်၊၊ 

(1) ရှေးဟောင်းပြတိုက် 
(2) ပရက္ကမဗာဟုမင်း ရုပ်တု
(3) စည်းဝေးခန်းမဆောင်
(4) သျီဝဘုရားကျောင်း
(5) စွယ်တော်တိုက်ဟောင်း
(6) ဂန္ဓကုဋီတိုက်
(7) ဂေါဝိဟာရ

ရှေးဟောင်းပြတိုက်ကြီးထဲတွင် ပေါလွန္နရုဝခေတ်မှ ပစ္စည်းအသုံးအဆောင်များနှင့် ရုပ်တုအမျိုးအမျိုး ရတနာပစ္စည်းအမျိုးမျိုး အကောင်းပကတိနီးပါးမျှ လေ့လာတွေ့ရှိနိုင်ပါသည်၊၊ မြန်မာနိုင်ငံ၊ ပုဂံခေတ်မှ အကြွင်းအကျန်များကို မြန်မာနိုင်ငံတွင် များများမတွေ့ရတော့သည်ကို စိတ်မကောင်းဖြစ်ရပါသည်၊၊

သီရိလင်္ကာနိုင်ငံမှ မြတ်စွာဘုရားရှင်၏စွယ်တော်အစစ်ကို “ပေါလွန္နရုဝခေတ်”က ထားရှိကိုးကွယ်သည့် စွယ်တော်တိုက်ဟောင်းကို လေ့လာရပါသည်၊

No comments:

Post a Comment