Saturday, November 12, 2016

18Srilanka

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သီဟိုဠ်ကျွမ်းသို့ (3)ကြိမ်တိတိကြွရောက်တော်မူခဲ့ပြီး၊ မဟိယင်္ဂဏစေတီတော်သည် မြတ်စွာဘုရားရှင် ပထမဆုံးအကြိမ်ကြွတော်မူစဉ်က တရားဟောခဲ့ သည့်နေရာတွင် မြတ်စွာဘုရားရှင်ထိုင်လျက် တရားဟောပလ္လင်တော်နှင့်၊ ဆံတော်များကိုဌာပနာထား သည့်စေတီ ဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးအချိန်တွင် ရဟန္တာမထေရ်တစ်ပါးမှ မြတ်စွာဘုရားရှင်၏နံရိုးတော်တစ် ဆူကိုပင့်ဆောင်လာပြီး စေတီတော်အတွင်းသို့ တန်ခိုးတော်ဖြင့်ဌာပနာထားသည့် စေတီတော်လည်း ဖြစ်ပါသည်၊၊ 

မဟိယင်္ဂဏစေတီတော်ကြီးကို ပတ်လှူပူဇော်ရန်သင်္ကန်းကြီးကို လူအများအပြားတန်းစီကိုင်ပြီး၊ သီရိ- လင်္ကာရိုးရာအတီးအမှုတ် အကအခုန်များဖြင့်လှည့်လည်လာသည့်မြင်ကွင်းကိုလည်း လေ့လာကြည့်ရှု ခွင့်ရခဲ့ကြပါသည်၊

No comments:

Post a Comment