အာကာသနှင့် စကြဝဠာ စာမျက်နှာသို့ စာဖတ်သူများ လာရောက်မေးမြန်းထားတဲ့.. မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု၊ တကူသံတိုက်တွင် ဒီဇင်ဘာ ၃ ရက် ညနေ ၄ နာရီတွင် ကောင်းကင်မှ ရွှေရောင်၊ ငွေရောင်အပိုင်းအစများ ကျဆင်းလာခြင်းအကြောင်း.. ဖြစ်နိုင်ချေများထဲမှ အများဆုံး ဖြစ်နိုင်ချေကို ဖော်ပြပေးလိုက်ပါတယ်..။ကျနော် ကိုယ်တိုင်မရောက်ဖူးပဲ၊ သေချားစွာ ဓါတ်ခွဲစမ်းသပ်မှု မပြုလုပ်ပဲ ဓါတ်ပုံကို ကြည့်ပြီး ပြောရတဲ့အတွက် ၁၀၀% မှန်ကန်ဖို့တော့ မသေချာပါ။
ပထမဦးဆုံး လေထဲမှ လွင့်ပြီး ကျလာတဲ့အရာ လို့ ပုံနှင့်တကွ ဖော်ပြထားတာကို တွေ့ရပါတယ်။ လေထဲမှ လွင့်လာတဲ့အရာတွေရဲ့ ပင်ရင်းဟာ ၂ မျိုးဖြစ်နိုင်ပါတယ်။ တစ်ခုကတော့ ကမ္ဘာပေါ်က လာတဲ့ ပစ္စည်းဖြစ်ပြီး နောက်တစ်ခုကတော့ အာကာသကလာတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒီနေရာမှာ အာကာသထဲက အမှုန်အမွှား (Micrometeorites) ကို ထည့်သွင်းစဉ်းစားရတဲ့အချက်ကတော့ အဲ့ဒီ့နေရာ အနီးတဝိုက်မှာ ၂၀၁၅ နိုဝင်ဘာလ (၂) ရက်နေ့က ဥက္ကာခဲ ကျရောက်ထားလို့ပါပဲ..။ ဒါပေမယ့်.. ယခုဖြစ်ပေါ်တဲ့ ရက်နဲ့ တစ်လကျော် ကွာနေတာရယ်၊ Micrometeorites တွေဟာ သေးငယ်လွန်းပြီး.. လေနဲ့အတူ လွင့်ပါသွားနိုင်ကာ.. ဒီထက်ဝေးတဲ့နေရာ ကို ကျရောက်သွားနိုင်တာကြောင့် ဒီအချက်ကို ပယ်စဉ်းစားပါတယ်။ အာကာသက လာတာမဟုတ်နိုင်ပါဘူး။
ဒီတော့ ဒီအမှုန်တွေဟာ ကမ္ဘာပေါ်ကလာတဲ့ (တနည်း) ထိုဒေသနှင့်အနီးတဝိုက်ကလာတဲ့ ပစ္စည်းဖြစ်နိုင်ပါတယ်။ ပိုပြီးဖြစ်နိုင်တာကတော့ အဲ့ဒီ့နေ့ (ဒီဇင်ဘာ ၃ ရက်) မှာပဲ ထိုင်းနိုင့်ငံ တောင်ဘက်ပိုင်းမှာ လေဆင်နှာမောင်းတစ်ခုတိုက်ခတ်ထားပါတယ်။ ဒီတော့.. အဲ့ဒီ့လေကြောင်းကပဲ ဒီအမှုန်တွေကို သယ်ဆောင်လာတာ ဖြစ်နိုင်ပါတယ်။ အမှုန်တွေကို သေချာစစ်ကြည့်ဖို့တော့လိုပါတယ်။
ကျနော်ရဲ့ အမြင်ကိုပြောရလျှင်တော့.. ရွှေမှုန်၊ ငွေမှုန် မဖြစ်နိုင်ပါ။ လချေးလို့ခေါ်တဲ့ ကျောက်သားအမှုန်တွေ ဖြစ်နိုင်ပါတယ်။ သလင်းကျောက်၊ မျောကျောက် နဲ့ လချေး (ခ) အဖြိုက် ပေါတဲ့ တနင်္သာရီ တောင်တန်းတွေဆီက လေနဲ့အတူ လွင့်လာတယ်လို့ပြောလျှင် မှားနိုင်မယ်မထင်ပါ..။
၁၀၀% သေချာချင်လျှင်တော့ ၄င်း အမှုန်များကို စမ်းသပ် စစ်ဆေးကြည့်ဖို့ လိုပါလိမ့်မယ်..။
အနာဂတ် လူငယ်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ
No comments:
Post a Comment