မြ အကြောင်းသိကောင်းစရာ
မေလဖွားများ နှင့် အင်္ဂါ နေ့မွေးသူများ အတွက် အဆောင်ကျောက်မျက်ရတနာမှာဖြစ်ပြီး ၅၅ကြိမ်မြောက်
နှစ်ပတ်လည် အထိမ်းအမှတ် ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်။
မြသည် ချစ်စဖွယ်ကောင်းသော အစိမ်းရောင်နှင့် အလင်းဖောက်နိုင်သော ကြည်လင်မှုမျိုး ရှိသည့် ကျောက်ဖြစ်ပြီး ၄င်းသည် အပူဒဏ်ကို ခံနိုင်ရည်ရှိကာ အလွယ်တကူ အရောင်မပြောင်းနိုင်သော အစွမ်းသတ္တိ ရှိပါတယ်။
မြသည် အနာအဆာများ ပါဝင်မှုနှုန်းများသောကြောင့် အက်ကြောင်းများ၊ အမြုပ်များ ပါရှိပြီး ကျိုးပဲ့လွယ်သော ကျောက်လည်းဖြစ်ပါတယ်။
လုံးဝအပြစ်အနာကင်းသော မြကို တွေ့ဖို့ ခဲယဉ်းသည်ဟုလည်း ဆိုကြပါတယ်။ မြကို အများအားဖြင့် ပုံစံတစ်မျိုးတည်းသာ သွေးကြသောကြောင့် ၄င်းသွေးနည်းကို မြကွက်ဟူ၍ပင် ခေါ်ဆိုကြပါတယ်။
မြ သို့မဟုတ် မြက်စိမ်းရောင်ရှိသော မျက်ရွဲကျောက် အခြေခံ
သိပံ္ဗအချက်အလက်အားလုံးမှာ မျက်ရွဲကျောက်နှင့်အတူတူပင်ဖြစ်သည်။
မျက်ရွဲကျောက်တွင် မြစိမ်းရည်ဝင်လိုက်သည်နှင့် မြဖြစ်သွား၏။
မြကို မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အသုံးပြုကြသည်မှာ ရတနာပုံခေတ်မှဟု ယူဆနိုင်၏။ ခိုင်မာသောအထောက်အထားများကို ထိုခေတ်မှစတွေ့ရ၏။
အိန္ဒိယနိုင်ငံမှဝင်လာသော မြများဟုယူဆနိုင်၏။
ရတနာအမျိုးမျိုးဖြင့်ပြုလုပ်ထားသော မြန်မာတို့၏န၀ရတ် လက်စွပ်တွင် မြသည် ကျောက်မျက်တစ်ခုအဖြစ်ပါဝင်သည်။
ရှေးခေတ် မြန်မာတို့က မြသည် လူကိုအေးချမ်းခြင်းကိုဖြစ်စေသည်ဟု ယုံကြည်ကြသည်။
မြမှာ စင်ကျယ်သည့်မြ အလွန်ရှား၏။ မိုးကုတ်အခေါ် ဒင်းမဲဟု ခေါ်သည့် Black Inclusion များကို အပွင့်ကြီးတိုင်းနီးပါးလောက်တွင်ပင်တွေ့ရ၏။
မြအသားမှာ မကျစ်။ ပွ၏။ ဆတ်၏။ မာဆင့် ၇.၅ မှ ၈ အတွင်းရှိ၏။ မြကိုကိုင်လိုက်လျှင် နီလာ ပတ္တမြား ကျောက်များကဲ့သို့ မချော။ မအေး။ ပွပြီး စီးသလိုရှိ၏။ အဆီကပ်နေသကဲ့သို့ရှိ၏။
မြ အတုအစစ်ခွဲသော ကိရိယကို ( Chelsea color Filter)ဟု ခေါ်၏။ ထို ကရိယာဖြင့် မြတစ်ပွင့်ကို နေရောင်အောက်ကြည့်လိုက်လျှင် အစစ်ဖြစ်က အနီရောင်ပြောင်းသွားပြီး အတုဖြစ်က အစိမ်းရောင်အတိုင်းဆက်ရှိနေသည်။
မြကျောက်ကို ကမ္ဘာပေါ်တွင် လူသားတို့သည် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၅၀၀ ခန့်မှစတင်ပြီး အသုံးပြုခဲ့သည်ဟု ယူဆနိုင်၏။
ရှေးအကျဆုံးမြကျောက်တွင်းရှိသည့်ဒေသကို အီဂျစ်နိုင်ငံ ပင်လယ်နီပတ်ဝန်းကျင်ဒေသတွင် ဖြစ်လိမ့်မည်ဟု သမိုင်းဆရာတို့က သတ်မှတ်ထားသည်။
မြကျောက်ကို ကမ္ဘာတွင် စိန်ထက်ပင်ပိုတန်ဖိုးထား၏။ ပတ္တမြားပြီးလျှင် ကမ္ဘာတွင် တန်ဖိုးအရှိဆုံးရတနာပင်ဖြစ်၏။
မြကျောက်ကို ရတနာကို ချစ်မြတ်နိုးသော ပညာရှင်များလောကတွင် အချစ် ၊ ငြိမ်းအေးခြင်း၊ ပျော်ရွှင်ခြင်းတို့ကိုပေးနိုင်သော ကျောက်အဖြစ် မှတ်ယူထား၏။
မြကျောက်သည် ၀တ်ဆင်သူအား
၁. ကံကောင်းစေခြင်း၊ အောင်မြင်စေခြင်း၊ အေးချမ်းစေခြင်း
၂. ဆက်ဆံရေးတိုးတက်ကောင်းမွန်စေခြင်း၊ စကားအရာတွင် အောင်မြင်စေခြင်း
၃.စွမ်းအားကို တိုးမြင့်စေခြင်း
၎.အမြင်အာရုံကို ကောင်းမွန်စေခြင်း
၅.အထူးသဖြင့် အမျိုးသမီး ၀တ်ဆင်သူများအား မကောင်းသော အကြံအစည်များ မ၀င်ရောက်စေခြင်း၊ အန္တရာယ် တစ်ခုခု ကြုံတွေ့ခါနီးတွင် သတိပေးတတ်ခြင်း (ကျောက်အရောင်ပြောင်းသွားခြင်း၊ ဖျော့သွားခြင်း) စသည့် အစွမ်းသတ္တိများကို ပေးနိုင်စွမ်း ရှိတယ်လို့မှတ်သားမိပါတယ်။
အီဂျစ်သမိုင်းတွင် ထင်ရှားလှသော ( ကလီယိုပတ်ထရာ) ဘုရင်မကြီးမှာ မြကျောက်ကိုအလွန်မြတ်နိုးသူဖြစ်၏။ ထိုခေတ်က မြကျောက်ထွက်သော အီဂျစ်မှ ကျောက်တွင်းများကို (ကလီယိုပတ်ထရာ)ကျောက်တွင်းဟု အမည်ပေးခဲ့၏။
ကလီယိုပတ်ထရာ ဘုရင်မကြီးသည် သူ ချစ်မြတ်နိုးသူများကို မြကျောက်ဖြင့် သူမ၏ ရုပ်ပုံထုလုပ် လက်ဆောင်ပေးခဲ့၏။
ကမ္ဘာပေါ်တွင်ထင်ရှားသော မြကျောက်ကြီးမှာ ဒီဗွန်ရှား မြ၊ ကရက်ချိန်၁၃၈၃.၉ရှိ၏။ သွေးထားပုံမှာ မူလပုံဆောင်ခဲအတိုင်းဖြစ်၏။
ဒုတိယ ထင်ရှားသောမြကြီးမှာ အိန္ဒိယနိုင်ငံ ဘုရင့်သရဖူကြီး၏ အလယ်တွင်တပ်ဆင်ထားသော လုံးချောသွေးထားသည့်မြကြီးဖြစ်၏။
တတိယထင်ရှားသောမြကြီးမှာ ဥရောပတိုက် စကီးရားနိုင်ငံမှ မြခရားအိုးကြီးဖြစ်၏။ အလေးချိန် ၂၆၈၁ ကရက်ရှိ၏။
စတုတ္ထထင်ရှားသော မြကြီးမှာ ဂျေဟင်ဂါ မြဖြစ်၏။ မြဖလားကြီးဖြစ်၏။
ပဉ္စမထင်ရှားသော မြကြီးမှာ ရုရှားနန်းစဉ်ရတနာများတွင် တစ်ခုအပါအ၀င်ဖြစ်သော ကာကိုယမ် မြကြီးဖြစ်၏။
အလေးချိန်၂၂၂၆ ကရက်ရှိ၏။
မြကို စိန်၊နီလာ၊ပတ္တမြား စသည်တို့ကဲ့သို့ အ၀ိုင်း၊ ဘဲဥပုံ၊ မိုးစက်ပုံများသွေးလေ့မရှိပါ၊ အပေါ်စီးမှကြည့်လျှင်
ထောင့်လေးခုကိုသိမ်းထားပေးသော စတုဂံပုံမျိုးသာ သွေးလေ့ရှိ၏။
ထိုပုံမျိုးကို မြကျောက်တွင် အသွေးများလွန်းသဖြင့် မြကွက် (Emerald Cut)ဟုပင် ကျောက်လောကတွင်ခေါ်ကြ၏။
မြ၏ မူလသဘာဝအရောင်တောက်ပပုံမှာ ဖန်၏တောက်ပပုံမျိုးဖြစ်၏။ စိန်၊နီလာ၊ ပတ္တမြားကဲ့သို့ ပွင့်အားမကောင်းလှပါ။
မြကျောက်ထွက်သောနိုင်ငံများအဖြစ် ထင်ရှားသောနိုင်ငံများမှာ ရှေးခေတ် အီဂျစ်၊ ကိုလံဘီယာ၊ဗရာစေး၊ဇန်ဗီရာ၊ ရှုရှားနိုင်ငံရှိ အူရယ်တောင်တန်း၊
တောင်အာဖရိက၊ ဇင်ဗာဘွေ၊ပါကစ္စတန်တို့ဖြစ်၏။
တောင်အာဖရိကတိုက် ကိုလံဘီယာနိုင်ငံမှ မြတွင်းမှာ ကမ္ဘာတွင် အထင်ရှားဆုံးမြတွင်းဖြစ်၏။ ထိုမြတွင်းကို ကိုလံဘီယာနိုင်ငံ ချီးဗားဒေသမှ လူရိုင်းများစတင်တွေ့ရှိခဲ့၏။
ကမ္ဘာတွင် မြကို ပထမဆုံးတွင်ကျယ်စွာရောင်းဝယ်မှုပြုလုပ်ခဲ့သည့်
ဈေးကွက်မှာ အိန္ဒိယ နိုင်ငံဖြစ်၏။ ကိုလံဘီယာ မှစပိန်တို့သည် မြကိုတူးဖော်ပြီး အိန္ဒိယတွင်လာရောင်း၏။
အစ္စရေးနိုင်ငံမှာ ယနေ့ ကမ္ဘာတွင် စိန်သွေးသည့်ပညာတွင် နာမည်ကြီးသကဲ့သို့ မြသွေးသည့်ပညာတွင်လည်း နာမည်ကြီး၏။
မြကြီး မြကောင်းများအဓိက၀ယ်ယူပြီးသွေး၏။ မြသွေးရာတွင် လူမပါ စက်ဖြင့်အလိုအလျောက်အကောင်းဆုံးအကွက်ပုံများရအောင်သွေးသည့်စနစ်ကို ပထမဆုံးအသုံးပြုခဲ့သည်။
ယင်းစက်တစ်လုံးသည် တစ်နေ့လျှင် မြအရိုင်းအပွင့်၁၈၀၀ ကို ဖြတ်ခြင်း၊သွေးခြင်း၊ပုံလောင်းခြင်း၊အကွက်ဖော်ခြင်း၊အရောင်တင်ခြင်းများကို ပြီးအောင်ပြုလုပ်နိုင်သည်ဟုဆို၏။
အိန္ဒိယနိုင်ငံမှာ မြအသေးများကို သွေးခြင်းတွင် နာမည်ကြီး၏။ တစ်ကရက်တွင် အပွင့်၂၃၀ပါသော သေးငယ်သည့်မြငယ်လေးများအထိကျွမ်းကျင်စွာသွေးနိုင်ကြ၏။
မှီငြမ်း > အင်တာနက် နှင့် ဦးလှဝင်း လေသူရဲတစ်ဦး ရေးသားသည့် ရတနာကုန်သည်သုံးကျောက်မျက်အဘိဓါဏ်
No comments:
Post a Comment