သီရိလင်္ကာနိုင်ငံသည် လက်ရှိလူဦးရေ(25)သန်းဝန်းကျင်ရှိပြီး၊ အရှေ့မှအနောက် (225)ကီလိုမီတာ နှင့်၊ တောင်နှင့်မြောက်(436)ကီလိုမီတာကျယ်ဝန်းသည့် ကျွန်းနိုင်ငံငယ်လေးမျှသာ ဖြစ်ပါသည်၊၊ အ- ရှေ့တောင်အစွန် အိန္ဒိယ-သမုဒ္ဒရာထဲတွင် တည်ရှိပါသည်၊၊
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည့်နေ့တွင် အိန္ဒိယနိုင်ငံတောင်ပိုင်းမှ “၀ိဇယမင်းသား”သည် စစ် ရှုံး၍ထွက်ပြေးလာရာမှ သီရိလင်္ကာကျွန်းသို့ရောက်လာပြီး စစ်တပ်စခန်းချနေထိုင်ရာမှ နိုင်ငံတစ်ခုဖြစ် လာခဲ့ကြောင်း သမိုင်းကျမ်းများတွင် ဖော်ပြထားပါသည်၊၊
လက်ရှိ သီရိလင်္ကာနိုင်ငံသည် စီးပွားရေးဖွင့်ဖြိုးမှုရစေရန် အင်အားနှင့်ကြိုးစားနေသည့်နိုင်ငံဖြစ်ပြီး၊ လ္ဘက်ခြောက်နှင့်၊ ရာဘာလုပ်ငန်းသည် သီရိလင်္ကာ၏အဓိက စီးပွားရေးလုပ်ငန်းဖြစ်ပါသည်၊၊ နွေနှင့် မိုးဟု ဥတုနှစ်မျိုးသားရှိပြီး၊ ရာသီဥတုမျှတသည့်နိုင်ငံ ဖြစ်ပါသည်၊၊
ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ပြီး၊ ဟိန္ဒူဘာသာ၊ ခရစ်ယန်ဘာသာနှင့် မွတ်စလင်ဘာသာတို့ကိုလည်း ကိုးကွယ်ကြပါသည်၊၊ “သီဟဠလူမျိုး”နှင့် “တမီးလ်လူမျိုး”ဟု ဒေသခံလူမျိုးစုနှစ်မျိုးတို့နေထိုင်ပြီး၊ ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံ ဖြစ်ပါသည်၊၊
လမ်းပမ်းဆက်သွယ်ရေး အလွန်ကောင်းပြီး၊ ဖုံး၊ အင်တာနက်၊ လျပ်စစ်မီးလည်း လုံလောက်စွာ ပြည်သူ သို့ထောက်ပံ့နိုင်သည့်နိုင်ငံ ဖြစ်ပါသည်၊၊ ပညာရေးဘက်တွင်လည်း မြန်မာနိုင်ငံမှ ဆရာဝန်ဘွဲ့ရပြီးသူ များပင် လာရောက်၍၊ တဖန်ဘွဲ့ထပ်ယူလေ့ရှိကြပြီး၊ ပညာရေး သင့်မြတ်သည့်နိုင်ငံဟု ဆိုနိုင်ပါသည်၊၊
“အနော်ရထာမင်း”လက်ထက်မှစပြီး မြန်မာနိုင်ငံနှင့် သာသနာရေး၊ စစ်ရေးအဆက်အသွယ်ကောင်း ခဲ့ပြီး၊ မင်းသ္မီးအချို့ကိုပင် မြန်မာမင်းများထံသို့ ဆက်သဖူးသည့်နိုင်ငံဖြစ်ပါသည်၊၊ သာသနာတော်ဆိုင်- ရာအကူအညီအပြန်အလှန်ရယူလေ့ရှိပြီး၊ လက်ရှိသမ္မတခေတ်အထိ ဆက်ဆံရေးပြေလည်သည့်နိုင်ငံ ဖြစ်ပါသည်၊၊
“ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို”နိုင်ငံဟု ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်သည့် နိုင်ငံငါးခုရှိရာတွင် သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓစာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအမြင့်မားဆုံးနိုင်ငံ ဖြစ် ပါသည်၊၊
သည်၍သည်မျှ ဗုဒ္ဓဘာသာနှင့် စာပေ၊ ယဉ်ကျေးမှုမြင့်မားသည့် သီရိလင်္ကာနိုင်ငံသို့ ဗုဒ္ဓဘာသာကို ကိုး ကွယ်ဆည်းကပ်သည့် လူတိုင်းလူတိုင်းလာရောက်လေ့လာသင့်သည်ဟု အရှင် ထင်မိပါသည်၊၊ ဘုရား ဖူးလာကြမည့်သူများအတွက် အကျိုးဖြစ်နိုင်သည့် အရှင်ကိုယ်တိုင် လိုက်ပို့ကူညီခဲ့သော ဘုရားဖူးခရီး တစ်ခုအကြောင်းကို အသေးစိတ်ရေးသား တင်ပြလိုက်ရပါသည်၊
No comments:
Post a Comment