“Moon Stone”
အခြားဗုဒ္ဓဘာသာ မည်သည့်နိုင်ငံတွင်မှမရှိသည့် ဘာသာရေးသရုပ်ဖော်ပုံစံတစ်ခုမှာ Moon Stone ဖြစ်ပါသည်၊၊ ရှေးခေတ် သီရိလင်္ကာလူမျိုးတို့သည် Moon Stone-ကို စေတီတော်နှင့်၊ ဘုန်းကြီး ကျောင်းများ၏ အ၀င်ဝခြေနင်းခုံနေရာတွင်ထားလေ့ရှိပါသည်၊၊
မွန်းစတုန်းသည် လခြမ်းသန္တာဖြစ်ပြီး၊ အတွင်းတွင် စက်ဝိုင်းအခြမ်းခြောက်ခု ပါဝင်ထုဆစ်ထားပါသည်၊၊ အစွန်ဆုံးစက်ဝိုင်းခြမ်းတွင် အမြိတ်အဆာများရေးဆွဲထားပြီး၊ ပူလောင်ပြင်းပြသည့်မီးတောက်မီးလျှံများ ကို သင်္ကေတပြုပါသည်၊၊
ဒုတိယမြောက်စက်ဝိုင်းချမ်းတွင် ဆင်၊ မြင်း၊ နွားနှင့် ချင်္သေ့ရုပ်တို့ကို ထွင်းထုထားပြီး၊ ဇာတိ ဇရာ ဗျာဓိ မရဏတို့ကို သင်္ကေတပြုပါသည်၊၊ တတိယစက်ဝိုင်းချမ်းတွင် စိန်းစိုလှပသည့် သစ်ရွက်ပုံလေးများ အချင်းချင်းရစ်ပတ်နေပုံများကိုထုဆစ်ထားပြီး၊ တပ်မက်မှုတဏှာကို သင်္ကေတပြုသည်ဟု ဆိုပါသည်၊၊
စတုတ္တမြောက်စက်ဝိုင်းချမ်းတွင် ကြာနွယ်ကြာဖူးပန်းများကို ဘဲငန်းမှကိုက်ချီနေပုံကို ထွင်းထုထားပြီး၊ ကိလေသာကိုထိမ်းချုပ်နိုင်ငံပုံနှင့်၊ ကိလေသာမတင် ဖြူစဉ်သန့်ရှင်းမှုကို သင်္ကေတပြုသည်ဟုဆိုပါသည်၊၊
ပဉ္စမစက်ဝိုင်းချမ်းတွင် သစ်ရွက်သေးသေးလေးများကို ထွင်းထုထားပြီး၊ ကိလေသာများနည်းပါးလာပုံကို သင်္ကေတပြုပါသည်၊၊ ပထမစက်ဝိုင်းအချမ်းတွင် အလွန်လှပသည့်ကြာပန်းများကို ထွင်းထုထားပြီး၊ အပူအားလုံးမှလွတ်ငြိမ်းရာ မြတ်နိဗ္ဗာန်ကို သင်္ကေတပြုသည်ဟု ဆိုပါသည်၊
No comments:
Post a Comment