Saturday, November 12, 2016

Srilanka2

“၀ဋ္ဋဂါမဏိမင်း”ကြီးသည် ‘တမီလ်ကျားသူပုန်’များ၏တိုက်ခိုက်မှုကြောင့် နန်းစွန့်ပြီးတောအတွင်း ထွက် ပြေးတိန်းရှောင်နေရစဉ် ဓမ္ဘူလကျောင်တောင်များအကြားတွင် ဖြစ်သလိုတောရကျောင်းငယ်လေး များဖြင့် တရားအားထုတ်နေကြသည့် သံဃာတော်များမှ မင်းကြီးကိုစောင့်ရှောက်ပေးထားပြီး၊ သံဃာ တော်များ၏ ကူညီစောင့်ရှောက်မှုဖြင့်ပင် ‘အနုရာဓပူရနန်းတော်’ကြီးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါ သည်၊၊

သံဃာတော်များအား ကျေးဇူးတဖန်ပြန်လည်ဆတ်သည့်အနေဖြင့် “မင်းကြီး”သည် ဓမ္ဘူလကျောက် တောင်ကြီး၏အောက်ခြေတွင် ကျောက်လှိုဏ်ဂူကျောင်းတော်ကြီး(5)ဆောင် ဆောက်လုပ်လှူဒါန်းခဲ့ ပါသည်၊၊

ဧရာမကြီးမားမြင့်မတ်သည့် ကျောက်တောင်ကြီး၏အခြေမှ အတွင်းတွင်ပေ(40)ခန့်ကျယ်ဝန်းသည့် လှိုဏ်ခေါင်းကျောင်းတော်များ တည်ဆောက်ထားသည်မှာ ရှေးနှစ်ပေါင်းများစွာကပင် သီရိလင်္ကာလူ မျိုးများမည်မျှအထိကျောက်ဆစ်ပညာကျွမ်းကျင်သည်ကို ပြသရာရောက်ပါသည်၊၊

ကျောက်လှိုဏ်များတူးစဉ် အလည်တည့်တည့်တွင် ကျောက်သားများချန်လှပ်ထားပြီး၊ ထိုကျောက် သားများကို ထိုင်တော်မူနှင့်၊ လျောင်းတော်မူဆင်းတုတော်ကြီးများ ထွင်းထုထားသည်မှာလည်း အံ့မ ခမ်းကျောက်ဆစ်ပညာကို ပြသရာရောက်နေပါတော့သည်၊၊

ခရစ်ယန်ဘာသာမပေါ်မှီ နှစ်(100)က တည်ဆောက်ထားသောကြောင့် ဓမ္ဘူလကျောက်သားကျောင်း တော်(5)လုံးနှင့် ဆင်းတုတော်ကြီးများမှာ နှစ်ပေါင်း(2500)ကျော်ခဲ့ပြီ ဖြစ်ပါသည်၊၊

1 comment: